ချစ်တတ်ခြင်း အနုပညာ အပိုင်း ၁

 

ချစ်တတ်ခြင်း အနုပညာ အပိုင်း ၁

 

သက်ရှိရယ်လို ဖြစ်လာခဲ့ရင် အချစ်နဲ့ မကင်းကြပါဘူး။ သီချင်းလေးထဲကလို အဖိုးကလည်း အဖွားကိုချစ်တယ် အဖေကလည်း အမေကို ချစ်တယ် ချစ်တယ်တဲ့ ကျွန်တော်ကလညိး သူကို ချစ်တယ်လို ပြောခဲ့တာ 13 နှစ်ရှိခဲ့ပြီး လေ။

 

အချစ်ကို ချစ်တဲ့ အခါမှာ နှောင်ဖွဲခြင်း ကင်းကင်းနဲ့ တစ်ခုခုပြန်ရလိုစိတ် ကင်းကင်းချစ်လိုက်ရင် အချစ်က သိပ်ကိုအေးမြတဲ့ စိမ့်စမ်းရေ လေး တစ်ခွက်လိုပါပဲ။

 

ထိုသို မဟုတ်ပါပဲ ရယူလိုခြင်း တစ်ခုခု သာပါလာပြီးဆိုရင် ပူလောင်ခြင်းက ရင်မှာ ဖြစ်ပေါ်လာတော့တာပါပဲ။

 

တကယ်တော့ လောကကြီးက အချစ်တွေနဲ့ ဖွဲစည်းခဲ့တာပါ ခွေးကလေး တစ်ကောင်ကလည်း ခွေးမလေးကို ချစ်တတ်တယ်။ သမင်မလေးကလည်း သူရဲ့ သမင်ထီးလေးကို ချစ်တယ်။ ကျွန်တော့်အိမ်က အိမ်မြှောင်မှာတောင် ချစ်သူနဲ့ ။

 

ကမ္ဘာကြီးမှာ လူသားတွေ အချင်းချင်း အချစ်ရဲ့ ဆန်ကျင့်ဘက် အမုန်းတရားတွေကို ဘေးဖယ်ပြီး အချစ်တွေရင်မှာ ပိုက်ထွေးထားကြမယ်ဆိုရင် အေးချမ်းတဲ့ ကမ္ဘာကြီးဖြစ်လာစေမှာပါ။

 

အချစ်တွေ ဖြစ်ပေါ်လာစေဖိုက

 

ကိုယ်ချင်းစာစိတ်

 

ဟုတ်ပါတယ် သိပ်ကို ရိုးရှင်းတဲ့ အရာပါပဲ။ သူကိုယ့်ကိုချစ်စေချင်ရင် ကိုယ်က စချစ်ပြလိုက်ပါ။  ချစ်ပြတယ်ဆိုတာ အလကားနေရင် ချစ်တယ် ပြောခိုင်းတာ မဟုတ်ပဲ အချိန်နဲ့ ‌သက်သေပြပြီး မေတ္တာကို ရှေ့ထား နားလည်‌  ပေးခြင်း နဲ့ သူနေရာကနေ ငါဆိုရင် ဆိုတာမျိုးခံစားပေးစေလိုခြင်းဖြစ်ပါတယ်။

 

အတူတူလျောက်လှမ်းပါ

 

ကျွန်တော့်ဘဝမှာ ခံယူချကိတစ်ခုရှိပါတယ်။ နှစ်ယောက်တစ်ဘဝတည်ဆောက်ကြတဲ့အခါမှာ  တစ်ယောက်က ဦးဆောင်ရင် နောက်တစ်ယောက်က နောက်လိုက်ဖြစ်သွားပါတယ်။ ဒီလိုမျိုးကိုတော့ ကျွန်တော် မကြိုက်ပါဘူး အတူတူလျှောက်လှမ်းကြတာမျိုးကိုပဲ ကြိုက်နှစ်သက်ပါတယ်။ လက်ညိုး လက်သန်း လက်ခလယ်တွေတောင် အတိုအရှည် မညီကြတာ ကျွန်တော်တို တစ်ယောက်ချင်းမှာ ရှိတဲ့ စိတ်သဘောထား အရည်အချင်း ခံစားချက်တေ‌ွ မတူဘူးဆိုတာကိုလည်း လက်ခံရပါမယ်။ ဒါကြောင့် သူအားသာတဲ့နေရာမှာ သူဦးဆောင် ကိုယ်အားသာတဲ့ နေရာမှာ ကိုယ်ဦးဆောင် တစ်ယောက် ဦးဆောင်ရင် နောက်တစ်ယောက်က အကြံပေးလုပ် ဒီလိုမျိုးနဲ့ပဲ ဘဝကိုရှေ့ဆက်စေခဲ့ပါတယ်။

 

ဒေါသ

အိမ်မှာ လူတစ်ယောက်မှာ မရှိသင့်သော အရာလို ခံယူပါတယ်။ လူပဲကွာ မရှိနေပါ့မလားဆိုရင် ဟုတ်ပါတယ် လူတိုင်းမှာ ရှိကြပါတယ်။ ဖြစ်လာတဲ့ အချိန်မှာ အသိလေးနဲ့ ဆင်ခြင်သင့်တာပါ။ ဒေါသတစ်ခုဟာ အချစ်ရဲ့ ဆန်ကျင်ဘက် အမုန်းဖြစ်စေနိုင်ပါတယ်။ ချစ်ခြင်းဟာ ဘဝကိုတည်ဆောက်ပေးသော ပန်းရံဆရာ ဆိုရင် အမုန်းဟာ ဘဝကို ဖျက်ဆီးစေနိုင်သော ဘူဒိုဆာကြီးပါ  ပန်းရံဆရာကောင်းတစ်ယောက်နဲ့ အိမ်ကောင်းကောင်း တစ်လုံးဆောက်ဖို အချိန် အများကြီး ယူရပေးမဲ့ ဘူဒိုဆာကြီးကတော့ တစ်ရက် တစ်မနက်နဲ့ ဖျက်စီးစေနိုင်ပါတယ်။

အမုန်းဆိုတာ ဘူဒိုဆာကြီးဆိုရင် ဒေါသဆိုတာ လောင်စာဆီ ပါ။

 

ဆက်ပါဦးမယ်

 

ချစ်ခြင်းများစွာဖြင့် နှစ်တစ်ရာ ဦးဟိန်း

 

 

 

 

Back to blog

Leave a comment

Please note, comments need to be approved before they are published.